ကချင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးစားနေ (ရုပ်သံ)

The Irrawaddy News
The Irrawaddy News
ကချင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးစားနေ (ရုပ်သံ)ဘုန်းအောင် ၊ မေ ၂၄  ၊ ၂၀၂၄ ...
ကချင်မှာစစ်ရှုံးနေတဲ့ စစ်ကောင်စီ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ကြိုးစားနေ (ရုပ်သံ)

ဘုန်းအောင် ၊ မေ ၂၄  ၊ ၂၀၂၄

ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင် အဖွဲ့ကိုဖွဲ့စည်းပြီး မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာကုန်းတွေ အပါအဝင် တပ်စခန်းပေါင်း တရာကျော်ကို ကချင် လွတ်မြောက်ရေး တပ်မတော်( KIA) က ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက် ကနေ မြစ်ဆုံ စီမံကိန်းနဲ့ ပက်သက်ပြီး တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ခြေလှမ်း ပြင်လာတာ ဘာ့ကြောင့်ပါလဲ။

လက်ရှိကချင်ပြည်နယ်မှာလဲ ရှုံးနိမ့်နေတဲ့စစ်ပွဲတွေကို ရပ်တန့်လိုက် နိုင်ဖို့အတွက် စစ်ကောင်စီဟာ တရုတ်နိင်ငံကို မြစ်ဆုံ စီမံကိန်းနဲ့ ချည်းကပ်တာလို့ တရုတ်နိုင်ငံအရေး လေ့လာသူက သုံးသပ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

همه توضیحات ...