ရခိုင်လူမျိုးတခုတည်းအတွက် ကျနော်တို့ တိုက်နေတာမဟုတ်ဘူး

The Irrawaddy News
The Irrawaddy News
ရခိုင်လူမျိုးတခုတည်းအတွက် ကျနော်တို့ တိုက်နေတာမဟုတ်ဘူး (ရုပ်/သံ)စောမေရီ၊ မေ ၂၅၊ ၂၀၂၄ရခိုင်ပြည်နယ်စစ်မျက်နှာမှာ ဆ ...
ရခိုင်လူမျိုးတခုတည်းအတွက် ကျနော်တို့ တိုက်နေတာမဟုတ်ဘူး (ရုပ်/သံ)

စောမေရီ၊ မေ ၂၅၊ ၂၀၂၄

ရခိုင်ပြည်နယ်စစ်မျက်နှာမှာ ဆိုးဆိုးရွားရွား စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေပေါ်ပေါက်လာအောင် ဖန်တီးနေတယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ ရောယှက်နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသမှာ အသိုင်းအဝိုင်း ၂ ခုအကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးအကြပ်အတည်းတွေကြုံလာတိုင်း ဒီဒေသတွေမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖန်တီးဖော်ဆောင်လေ့ရှိပြီး  ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ကာလတွေတုန်းကလည်း အလားတူ ဖန်တီးခဲ့လို့ နှစ်ဖက်အသိုင်းအဝိုင်းအကြား အသေအပျောက်များခဲ့ပြီး သိန်းနဲ့ချီတဲ့သူတွေ နေရပ်ရင်း ပြန်မနေနိုင်ကြသေးပါဘူး။

အာရက္ခတပ်တော် (AA) ဟာ ပြည်နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေကို တိုက်ခိုက် သိမ်းပိုက်နေပြီး လက်ကျန်မြို့တွေကိုလည်း အရှိန်မြှင့်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတာဖြစ်ပါတယ်။

မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကို ဧရာဝတီက သီးသန့် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

همه توضیحات ...